ဧည့်ခန်း |
မူလစာမျက်နှာ |
ဆောင်းပါး |
သတင်း |
ကဗျာ |
သောင်းပြောင်းထွေလာ |
ဝတ္ထုတို
Tuesday, May 19, 2009
စည်းဖောက်သူ
တားမြစ်ထားတဲ့ ပန်းသီးကိုစားပီး
ငါသာလျှင်အချစ်တတ်ဆုံးလူသားလို့
အရှက်မရှိမပြောပါနဲ့
ခင်ဗျားအဲဒီအချိန်ဆာလောင်မွတ်သိပ်လို့
စားလိုက်တာ ကျုပ်သိတယ်......
PS: လိုအပ်ချက်တခု ဖြည့်ဆည်းဖို့အချစ်ကိုခုတုံး မလုပ်ပါနဲ့
သစ္စာဖောက်
ကွေးနေသလား
ကောက်နေတာလား
ဖြောင့်နေရဲ့ လား ။
သုံးရာသီ ရေစိမ်ခံရဲ့ လား
အနစ်နာခံရဲလား
ဝန်ချတောင်းပန်နိုင်ပါ့မလား ။
ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား
ဘေးတိုက်သွားနေတာလား ။
သစ္စာရှိရဲ့ လား
သစ္စာဖောက်မှာလား
နှစ်ဖက်ချွှန်တော့မှာလား ။
နောက်ကြော ဓါးနဲ့ ထိုးမှာလား
ရှေ့ ကနေ မျက်စိထဲ သဲနဲ့ ပက်မှာလား
သွားပုပ် လေလွှင့် ပလဲပနံသင့်နေမှာလား ။
အာဏာရူးတို့ ရဲ့ မစင်နံ့ မှာ
မြူးတူးပျော်ပါး
အရှက်မရှိသူများအတွက်
မေးခွန်းများက အဆိပ်ရည်များသဖွယ်
ပြေးစရာမြေမရှိသလို
ပြည်သူလူထုရဲ့  တံတွေးခွက်မှာ
မင်းတို့ ရဲ့ သမိုင်း
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ် ။
Newer Posts
Older Posts
Home
View mobile version
Subscribe to:
Comments (Atom)
ထူးထူးခြားခြား ဆိုက်ဒ်များ
ကိုယ့်သေနေ့ကိုသိချင်ရင်
ကိုယ့်username နဲ့တူသူတွေကိုရှာမယ်
ကိုယ့်ချစ်ချစ် ဘာတွေလုပ်နေပါလိမ့်