အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဇောင်းတွီး ရပ်ကွက်တွင် မြန်မာ ရွေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအတွက် မိုးသောက်ကြယ် ပညာဒါန သင်တန်းကျောင်းကို ၀၁ ၊ ၁၀ ၊ ၂၀၀၉ ရက်နေ့တွင် လွတ်လပ်သော လူငယ်များ အစည်းအရုံး (Freedom Youth Organization) က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကျောင်းတွင် ၄ နှစ် မှ ၁၂ နှစ်အတွင်း ကလေးငယ် ၃၀ ခန့် ပညာသင်ကြားနေကြောင်း နှင့် သင်ကြားပို့ချပေးသော ဘာသာရပ်များမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ နှင့် ဒေသခံ မီဇို ဘာသာရပ်များကို လောလော ဆယ် သင်ကြားပေးနေကြောင်း သိရှိရသည်။ ဗဟုသုတ ပညာရပ်များ နှင့် ကွန်ပြူတာ အခြေခံ ဘာသာရပ်များကိုလည်း သင်းကြားပေးရန် အစီအစဉ်များ ရှိကြောင်း ကျောင်းတာဝန်ခံ တယောက်ဖြစ်သော ကိုရာဇာ မင်းသိန်းမှ့ ပြောပြ သွားပါသည်။ နောက်ပိုင်းတွင် မီဇိုရမ် အစိုးရမှ တရားဝင်ခွင့်ပြုထားသော အတန်းကျောင်း ဖြစ် လာအောင် ကြိုးစား သွားမည်ဟု လည်း ထပ်ဆင့် ပြောပြသွားသည်။
ကျောင်းကော်မတီ အဖွဲ့ဝင် တချို့
အဆိုပါ ကျောင်းဖွင့်လှစ်နိုင်ရန် မတည်ငွေထည့်ဝင်ပေးကြသော အလှူရှင်များမှာ
၁)နော်ဝေ နိုင်ငံရောက် မြန်မာဒီမို ကရေစီ အင်အားစုများ
၂)ကိုဒီမိုဝေယံ (ဂျပန်)
၃) ကိုထွန်းလွင် (ဂျပန်)
၎) ဦးသော (ထိုင်း)
၅) Generation Wave အဖွဲ့
၆) ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ နှင့်
၇) အိန္ဒိယ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ
တို့ဖြစ်ကြကြောင်းသိရသည်။
No comments:
Post a Comment