Wednesday, November 4, 2009

တာဝန်မထမ်းဆောင်လိုတော့ကြောင်း အရာရှိတဦး ဖွင့်ဆို

တာဝန်မထမ်းဆောင်လိုတော့ကြောင်း အရာရှိတဦး ဖွင့်ဆို
Wednesday, 04 November 2009 14:19 ဗထူး

တပ်မတော်အတွင်း တပ်မှူးများ၊ အရာရှိများအနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်းလိုခြင်းမရှိတော့ကြောင်း အမည်မဖော်လိုသည့် တပ်မတော်အရာရှိတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် အနာဂါတ်ကို ယုံကြည်မှုမရှိသည့်အတွက် ယင်းကဲ့သို့ ဆက်လက် မနေလိုတော့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုဆို တချို့တပ်မှူးတွေ၊ အရာရှိတွေ အရပ်ဖက်ကို ငွေပေးပြီး ပြောင်းနေကြတယ်။ အဲဒါကလည်း တိုင်းမှူးတွေနဲ့ အဆင်ပြေပြီးမှ ရတာ။ အနိမ့်ဆုံး လေးသိန်းလောက် ကုန်တယ်။ အခုဟာက တချို့တပ်တွေမှာဆိုရင် အမိန့်မနာခံရင် ပင်စင်လစာပါ မရဘူးဖြစ်နေတာ။ အရာရှိတော်တော်များများလည်း အထက်က ဖိအားပေးတာတွေ ခံနေရတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို တပ်မတော်အရာရှိများအပါအဝင် ကြံ့ဖွံ့အသွင်ပြောင်းများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များကို ပြင်ဆင်ဖွဲ့စည်းထားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောသည်။

စစ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများအပေါ် မည်ကဲ့သို့ သဘောထားသည်ဖြစ်စေ မိမိတို့အနေဖြင့် အားလုံးအဆင်ပြေစေလိုကြောင်း ၎င်းက ပြောသည်။

“အတိုက်အခံပဲပြောပြော၊ ဒေါ်စုကြည်နဲ့ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်စေချင်ပါတယ်။ တဆက်တည်းပြောချင်တာက ကျနော်တို့ တပ်မတော်သားတွေအနေနဲ့ကတော့ တပ်မတော်နဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူပဲ သွားချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ကြားဖြတ်အစိုးရဖွဲ့ရန် မဖြစ်နိုင်ကြောင်းနှင့် တပ်မတော်အတွင်း တစုံတရာ မကြားသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

မကြာသေးခင်ကလည်း တပ်မတော်အင်ဂျင်နီယာတပ်မှ အရာရှိတဦးက အင်ဂျင်နီယာတယောက်အနေဖြင့်သော်၎င်း၊ တပ်မတော်သားတယောက်အနေဖြင့်သော်၎င်း အပြောင်းအလဲသည် အရေးကြီးကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

No comments:

Post a Comment