Wednesday, November 4, 2009

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆ

အမေရိကန်

မေရိကန် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ






ရိုက်တာသတင်းဌာန
ရန်ကုန်

မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့၊ အသေးစိတ်ကိုတော့ မစ္စတာ ကာတ့်ကမ်းဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန်လေဆိပ်မှာ ပြုလုပ်မဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပြပါလိမ့်မယ် ဟု အမေရိကန်သံရုံးအရာရှိက ဆိုသည်။

No comments:

Post a Comment