Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, April 20, 2011

“စောက်ချိုးမပြေ”

“စောက်ချိုးမပြေ”

နွားပြာကြီးများလို အထာမကျ
တဖက်စောင်းနင်းကြတဲ့
ဟောဒီ လိပ်လောကကြီးမှာ
အဆီအငေါ် မတည့်တဲ့
အတ္တမှော်တွေ များနေသရွေ့
ငါဟာ..
စောက်ချိုးမပြေတဲ့ကောင် ဖြစ်တယ်..

ယောလေး….

Thursday, February 17, 2011

ငို့ဘကြီး

အခိုးမိရင်
ဝင်မခံ အီးမှန် ဓာတ်လိုက်ခံရသလိုပ
ဂျပိုးကို လိပ်ဖြစ်အောင်ပြောတယ်
ဒို့ လူလိမ်ကြီး…

ယောလေး

Monday, January 3, 2011

မီး ချီးခဲ


မီး ချီးခဲ
မဲမဲလုံးလုံး
ဤအတုံးကို ရှားမီးမှတ်တယ်
ပြာဖုံးရာယပ်ပေးလေတော့
ဘဂ၀ါမြေ ဌာနေနှံ့အောင် လေသင့်တိုင်းနံ….
ဝတ်ခြံ
ငယ်ရွယ်စဉ် ပြုကာယုပေမယ့်
ပြည်တည်ရင် အောင့်ကာညှစ်ရမယ်
မောင့်မီး ချီးခဲ…

ယောလေး

Friday, May 7, 2010

စိတ်ကူးထဲက ၁၂ နာရီ..

မနက်ဖန်ရဲ့ ၁၂ နာရီ
မထိုးနိုင်တော့ ဘူးလားလို့
ဘ၀ရဲ့ ညဦးပိုင်းမှာ
အတွေးပိုခဲ့မိတယ်.....
တကယ်တော့ ငါ
စိုးရိမ်ခြင်းသက်သက်ပါ
မိနစ် ၆၀ ပြည့်တိုင်း
တနာရီ ပိုနီးကပ်လာပြီပဲ...
ဒါပေမယ့်...
ရချင်မှ ရမှာလေ..
ငါ့စိတ်ကူးထဲက ၁၂ နာရီလိုမျိုးပေါ့...

ယောလေး...

Thursday, May 6, 2010

မင်းသိထားဖို့

မင်းသိထားဖို့
HTML Link:


http://h1.ripway.com/oochit/ppsm1.pdf

မင်းသိထားဖို့…

အရောင်းခန်းက ပစ္စည်းတော့ မဟုတ်ဘူး..
မင်းစိတ်မ၀င်စားရင်လည်း ပဲများမနေနဲ့တော့
ဒီထက် လျှော့မပေးနိုင်တော့ဘူး..
ငါ့ရှေ့က အမြန်ထွက်သွားပါ….
နောက်မှာ customers တွေ တန်းစီနေတယ်…
စော်ကားတာ မဟုတ်ဘူး..
မင်းလှုပ်ရှားမှုအတိုင်း ပြန်လာတဲ့
တန်ပြန်သက်ရောက်မှုပဲ…

ယောလေး..

Wednesday, May 5, 2010

ဖြစ်စဉ်

ဒီလိုဖြစ်ဖို့ အကြောင်းရှိခဲ့တယ်ဆိုရင်
ဘယ်သူမှ မပြုပြင်နိုင်မှတော့
ငါက ဘာလို့ဝမ်းနည်း နေရမှာလဲ …
ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…
ဒီဖြစ်စဉ်က ရှိပြီးသားပဲ …
ငါဟာ ပုထုဇဉ်ဖြစ်တဲ့အတွက်
ငါတန်ဖိုးထားပါလျက်နဲ့ အပြန်အလှန်တုံ့ပြန်မှုမရှိရင်
ဆောရီးပါ ….
ဒါဟာ ..မင်းအမှားမဟုတ်သလို ငါ့အမှားလည်း မဟုတ်ဘူး…
ဒီဖြစ်စဉ်က ရှိပြီးသားပဲ….

ယောလေး..

Friday, March 5, 2010

ချစ်သူငယ်ချင်း

ချစ်သူငယ်ချင်း.....
ကလေးဘ၀ကလို
အခုနားလည်မှုလေးလွဲ အဆင်မပြေဖြစ်..
နောက်နေ့ တယောက်နဲ့တယောက် လည်ပင်းဖက်လို့
အိမ်ကပေးလိုက်တဲ့မုန့်တွေကို တ၀က်စီ ခွဲစား ကျောင်းအတူတူသွား..တူတူပုန်းတမ်းကစားကြမယ်.....
ကဲ..သူငယ်ချင်း.တွေမနေနဲ့တော့......

ယောလေး
(သူငယ်ချင်းများစွာသို့ သတိရလျက်)

Wednesday, March 3, 2010

မှန်တချပ်

မှန်တချပ်...

ငါ...
မှန်တချပ်လို ကျင့်ချင်တယ်...
မင်းပြုံးပြရင် ငါလည်းပြုံးပြမယ်...
မဲ့ပြရင် အလိုလို ပြန်မဲ့ပြမယ်..
မင်းငိုနေရင် ငါလည်းလိုက်ငိုမယ်...
မင်းကျောခိုင်းသွားရင်လည်း
ငါလည်းအလိုလို ကျောခိုင်းသွားမယ့်
မှန်တချပ်လို ငါဖြစ်ချင်တယ်....

ယောလေး။ ။

Wednesday, December 9, 2009

ဒုက္ခသည်

ဒုက္ခသည်

ထီပေါက်စဉ် ဂဏန်းတွေထဲမှာ
ငါ့တို့ အိပ်မက်တွေမပါခဲ့
ဘယ်လို အရုပ်တွေ ဖြစ်လာမှာမှန်း မသိရတဲ့
အနာဂတ်မီးခိုးတိမ်တွေ နဲ့အတူ
ေ၀၀ါးနေတဲ့ ယုံကြည်ချက်
မျှော်လင့်ချက်တွေကြား
မလွတ်လပ်မှုတွေနဲ့
အထီးကျန် အားငယ်မှု
အားမလို အားမရဖြစ်မှုတွေရဲ့ ကြားမှာ
လူးလွန့် လှုပ်ရှားနေရသူတွေ....
အကွက်ကျကျ သစ်ကိုင်းကြီးတွေ
အုပ်မိုးထားလို့ ခြောက်ကမ်းပါးနှစ်ခုကြားက
မိုးကောင်းကင်ကြီးကိုတောင်
မြင်ခွင့်မရတဲ့ မနုဿတ္တဘ၀တွေပါ
အဲဒါ….
လူသားချင်းစာနာမှု လို့ အော်ကြီးဟစ်ကျယ်
တွန်းကြူးနေတဲ့ ဟောဒီ ဘဒ္ဓကမ္ဘာကြီးရဲ့ တနေရာက ကျုပ်တို့တွေပေါ့ဗျာ
ကျုပ်တို့တွေပေါ့

ယောလေး


Rest of your post

Thursday, December 3, 2009

ကိုယ့်ကိုယ်ကို ရွေးခြယ်ကြခြင်း [2]

ကိုယ့်ကိုယ်ကို ရွေးခြယ်ကြခြင်း [2]

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့….

ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့
အားလုံးကထင်နေကြ
အပေါ်ယံ ဖုံးတဲ့သကြားလုံးစက်ကြီးတွေကလည်း
ထုနဲ့ထည်နဲ့ ထုတ်လုပ်နေကြ

ချောတိုင်ထိပ်က သူရဲကောင်း အလံတော်ကြီးကို
အလုအရက် စာခွက်လုကြရင်း
တောကြီးမျက်မဲထဲ
မြို့ကြီးပြကြီးထဲ
ချော်လဲရောထိုင် မျက်စိလည်ကြရင်း
ဒိတ်အောက် သံလိုက်အိမ်မြှောင်ကြီးတွေကို
တပ်မက်စွာ တွယ်ဖက်လို့
တိုက်ပွဲလမ်းမှာ နားနှစ်ဖက်ကို ကိုယ့်မျက်စိနဲ့
မမြင်နိုင်သလို နီးရက်နဲ့ ဝေးခဲ့

အဖြုံး အဖျင်းတွေဟာ
လေလေ့စရာမလို
သူ့အလိုလို ရွက်လွင့်ကျောခိုင်းသွားကြ
စကာတင်ရွေးစရာ မလိုတဲ့ပွဲပေါ့

တိုင်းပြည်နဲ့ လူမျိုးထက်
ပါတီ နဲ့ဝါဒီ ၊ ဂုဏ်ဓန နဲ့ ပကာသနကို
ဦးစားပေးခဲ့ကြပါသလား…………….

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့

ယောလေး

Tuesday, December 1, 2009

ကိုယ့်ကိုယ်ကို ရွေးချယ်ကြခြင်း (၁)

ကိုယ့်ကိုယ်ကို ရွေးချယ်ကြခြင်း (၁)

ယုံကြည်ချက်တွေ
ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့
အဲဒီထဲက ပွတူးမနပ် အိုးမည်းကြီးထဲမှာ
ပဒေသရာဇ် အတွေးမြစ်တွေ ခြေရှုပ်
ဟိုနားအုပ် ဒီနားအုပ် မခေါ်တမ်းကစားကြ
တချို့ က ပွကြ
တချို့ က တူးနေကြ
တချို့ က နှပ်နေကြ

ချစ်မြတ်နိုးလှချီရဲ့ ဆိုပြီး
အခုတော့ သွားရတော့မယ် အချစ်ရေ တဲ့
ဝပြီအီပြီလေ
ဥတုရာသီကလည်း
မသာတော့ပြီမို့
စခမ်းသာကြတုန်းကလို တော့
ဘယ်ဟုတ်ကြတော့မလဲ
အားလုံးဟာ ပရမ်းပတာ
ကြမ်းခွာသူကခွာ ဖြာလိပ်သူလိပ်
ကိုယ့်အိတ် သူ့အိတ် ဖူးဖူးသိပ်ကြ
တိုးကြ ကြိတ်ကြ ဆိတ်ကြ လိမ်ကြ
ခဲထိထားတဲ့ မှန်တချပ်လိုပေါ့
ကွဲပြာကျနေတာ အားလုံးအသိ
ကြိတ်ကြံနေကြသေးတယ်
ခနော်ခနဲ့ ကျားအိုတွေက
နောက်ဆုံးတချီ ပွဲတော်တည်ဖို့တဲ့…

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့
ယုံကြည်ချက်တွေ
ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့
သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့….

ယောလေး

Sunday, November 29, 2009

သုံးရောင်ခြယ်

သုံးရောင်ခြယ်

သုံးသားညီလျှောက်
ဘုန်းမီးတောက်မည်
နေမျိုးသာကီ မြန်မာပြည်

ယောလေး

Rest of your post

Tuesday, November 10, 2009

ကိစ္စတော့ မရှိပါဘူး

ကိစ္စတော့ မရှိပါဘူး

မျက်နှာဖုံး ထက်
အသက်ဝင်တဲ့
မိမွေးတိုင်း အတုမျက်နှာကြီး
ဒီတိုင်းပဲ နေဦးမှာလား

ကိစ္စတော့ မရှိပါဘူး.....

Thursday, November 5, 2009

ဥပေက္ခာမြောက် ကမ္မသကာ

ဥပေက္ခာမြောက် ကမ္မသကာ


ကျေနပ်တယ်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်
ရှင်သန်တာအသင့်မြတ်ဆုံး...

ဘာပြောပြော ဘာထင်ထင်
ဘယ်လိုမြင်မြင် မျက်တောင်မခတ်ချင်တော့ဘူး....
အဲသမှာ ဘယ်လိုသတ္တ၀ါရဲ့
ကဲ့ရဲ့မျက်လုံးကိုမှ ဖောက်ထုတ်ချင်စိတ်မရှိတော့တာ
မုဒိတာ စတယ်ဆိုပါတော့...........။


ကိုယ့်ဘ၀ကိုယ်တူးဆွပြီး
မြှုပ်နှံပစ်ခဲ့ရတဲ့အတိတ်တွေဟာ
အိပ်နေပါစေတော့..........။

အနစ်နာခံခဲ့ကြောင်း
လူကောင်းဖြစ်ကြောင်း
ဘ၀တခုလုံးထောင်းထောင်းကြေအောင်
အနင်းခြေခံခဲ့ရကြောင်း
ကြုံတိုင်းမောင်းထု မပြောတတ်ခဲ့တာ
ဒီအတိုင်းပဲ ဆက်ရှိပါစေလေ
အားလုံးအတွက် အကောင်းဆုံးပါ
ဒီလို ကိုယ့်ကိုယ် ကိုယ်နှစ်သိမ့်မှုတွေနဲ့
အထီးကျန်မှုကို ရွေးချယ်ခဲ့........။

ချစ်ဖူးတယ်
မချစ်ပဲလဲ တူတူအိပ်ဖူးတယ်
တူတူမအိပ်ရပဲ လဲ ချစ်ဖူးတယ်
ဘ၀ အလျော်အစားနဲ့လဲ
အစော်ကားခံသတ္တ၀ါကိုကယ်ဖူးတယ်....

အားနာလွယ်
သနားလွယ်တဲ့ အားနည်းချက်နဲ့
စကားမသွက်ခဲ့သမျှတော့
ကိုယ်ခံအားကောင်းမှဆိုတာ
နားလည်ပြီးသား................

နှစ်များကြာလာတော့
ခံနိုင်ရည် ဟာ မိုင်ပေါင်းများစွာခရီးနှင်ခဲ့ပါပြီ..........

ဒီမှာ.....
ရိုးသားမှု ၊ ပွင့်လင်းမှု
နားလည်မှု ၊ ရိုင်းစိုင်းမှု အားလုံးဟာ
ဘ၀ကိုဖွဲ့ ညွှန်းရာ အဘိဓါန်ပါ
သိချင်ရင် လာ ကြည့်.....................
ဘာမှတော့ ကိစ္စမရှိ.......။

ငြိမ်းဇေဦး

ကြွက်ကြော် ချင်ခြင်း

ကြွက်ကြော် ချင်ခြင်း


ထန်းရည်မူးတော့ကျွဲခိုးပေါ်
ကမ္ဘာကြီး နှစ်ထောင့်တစ်ဆယ့်နှစ်မှာပျက်ခဲ့သော်...
မဆီမဆိုင် ထမိန် မနိုင် .......

သူ့ မေကလွှား... အားအားယားယား
ပွားပဲ ပွားနိုင်လွန်းကြ ......။


ဥပုဒ်သည်တွေ အတင်းပြောတဲ့အနား
ကြွက်ကြော်ဝါးရင်း ထန်းရည် မူး တာ
ပြဿနာတော့သိပ်မဟုတ်လှပါဘူး ။

သူတို့ကတော့
နေ့ တဓူဝ အသေးအဖွဲတွေနဲ့
ဖောင်ဖွဲ့ပြီး မျှောနေကြတာပေါ့ ။

ကျုပ်ကတော့
ဒီလို ဆောင်း ဦးဆို
ထန်းရည်ချို တကျည်တောက်
ငရုတ်သီးခြောက် နိုင်နိုင်
ကြက်သွန်ဥကြီး နိုင် နိုင်
ဆီနိုင်နိုင် ရှောက်ရွက်နိုင်နိုင်နဲ့

ပဲကြီးလှော်သုတ် တဇွန်းဝါးလိုက်
ဝါးခွက် မြှောက်ပြီး တကျိုက် မျိုလိုက်
ကြွက်ကြော် ကိုက်လိုက်
နှမ်းဖတ်ချဉ်သုတ် ကလေး မြုံ့ လိုက်
ဆေးပေါ့လိပ်လေး တဖွာဆွဲလိုက်
အဲသလို...
အင်မတိအင်မတန်နှစ်ခြိုက်ဖွယ် မနက်ခင်းတွေ
ခပ်ထွေထွေ ပြန်လိုချင်သေးတာ...............။

ကိုယ့်အထာနဲ့ကိုယ်ပါ
ဒီလို သာမန် ထန်းရည်သမား
မူးများမူးလို့ကတော့ ...
တွံတေးသိန်းတန်ကိုယ်တိုင် လော်စပီကာတက်ဖြုတ်ချင်စိတ်
ကြိတ်မနိုင်ခဲမရ
အတုံးလိုက်အတစ်လိုက်ဖြစ်သွားရစေမယ့်ကောင်
အဲဒီလိုဟောင်ဗွာလဗွာနဲ့ ထွေးညိုကိုလဲ
လွမ်းချင်သေးတာ...။

ခုတော့ ထန်းရည်သမား ရှားသွားလို့လား
ကြွက်က ပဲ ပေါလွန်းသလား မသိ
သတင်းတွေကြည့်လိုက်တိုင်း ကြွက်လှိုင်းကြီးတွေ လယ်ဖျက်သတဲ့.....

အမှန်က ကြွက်သမိုင်း ကို မျက်ခြေပြတ်နေကြတာပါ
ဒီကြွက်တွေ ပြည်ဖျက်နေတာ ကြာလှပေါ့............။


ငြိမ်းဇေဦး
မခေါ်တမ်း ကစားခြင်း
ရေးသူ- ကြည်အောင်

တမင်စိမ်းပြီပေါ့....
မကြင်လို့ တိမ်းချင်လဲတိမ်းပါ
ယိမ်းသလို ရှောင်သလိုနဲ့
ဟန်ဆောင်ကာမျက်မာန်တင်း
မြင်ပြင်းကပ်ဟန်တူရဲ့
ငြူစူစူခင့်နှုတ်ခမ်းက
ပန်းနှင်းဆီ မုန်းယောင်သန်း
မခေါ်တမ်း ကစားရအောင်လေ။


နောင်တော့မှ...
မောင်တော့သတိထား
ဟိုသွားဒီလာနဲ့
ကဗျာဆရာ လူတေကြီး
ဆံမဖီးမသင်နဲ့
မုတ်ဆိတ်မျှင် သူ မရိတ်
ဆေးလိပ်တို တဖွာဖွာပေါ့
ယောင်ချာချာမနေပါနဲ့
ခင်ကလေ... မောင့်ကိုမုန်းပါဘု
ရှက်ပြုံးကာ လာမချော့လှာနှင့်
မောင့်မှာလေ... တအားလျော့ပြီ
ခုတော့ တေပေ။

မောင်ရယ်.... လိမ်လိမ်မာမာနဲ့
ခင်ပြောတာ နားထောင်စမ်းပါ
ဒီကလဲသူ့ကိုလွမ်းရတာဘဲ
မခေါ်တမ်းကစားပွဲကို
ရပ်စဲကြစို့လေ....
မျက်ရေနဲ့ ခင့်စကား။

ချစ်သူကပြောတော့...
လွမ်းမောသူ ဟန်မဆောင်နိုင်ဘု
ဆေးလိပ်တောင် ဖြတ်ပစ်မယ်
အချစ်မကြိုက်ယင် မောင်မသောက်ပါ
နောက်တော့သာ... မခေါ်ချင်သလိုနဲ့
ခင်... တမင် ငြိုငြင်တိမ်းပြီး
စိမ်းနဲ့ သိလား။

၁၉၆၃ ခု။
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပထမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ မှ ကူးယူဖော်ပြပါတယ်။}