မျက်မှန်တပ်ထား
မျက်နှာထားတော့ တည်ပါရဲ့
မျက်လုံး အရောင်တွေတော့
ကောက်ကွေးနေတယ်
သြော်…
မိတ်ဆွေ
မဟုတ် တာလုပ်တော့မလား
မျက်မှန်တပ်ထားနော်
ခနနော် ….ခနလေးပါ…..
မသိချင်ယောင် ဆောင်နေမလို့
သြော် အေး
မိတ်ဆွေ
ရပြီ ရပြီ
လုပ်ချင်ရာလုပ်ပါတော့ကွာ
ငါ့မှာ ရန်သူမရှိဘူးလေ…..
No comments:
Post a Comment