Wednesday, August 19, 2009

ABCD Breaking News ဖော်ပြထားသော သတင်း

ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဘဘဦးတင်ဦး နေအိမ် ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ ပုတ်သင်ညိုတကောင်
တွေ့ရှိပါသဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မှီဝင်ရောက်၍ အဆိုပါ ပုတ်သင်ညိုအား ဖမ်းဆီးထိမ်းသိမ်းလိုက်သည်။
နေပြည်တော်မှ လာသည့် သတင်းများအရ ဘဘဦးတင်ဦးအား ခြံဝင်းအတွင်း ပုတ်သင်ညိုတွေ့ရှိသည့်အမှုဖြင့်
အရေးယူရန်ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပုတ်သင်ညိုအားအမေရိကန်အစိုးရဧ။်အကူအညီနှင့် သစ်ပင်ပေါ်သို့ ပြန်လည် ပို့ ဆောင်ပေးရန်
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဆုံးဖြတ်လိုက်ကြောင်း နှင့်
တရုတ်အစိုးရမှ ဤသည်မှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၀င်ရောက်
မစွက်ဖက်သင့်ကြောင်း။
ကုလသမဂ္ဂမှလည်း ၄င်းတို့ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ပြန်ရန်
အချိန် ၃ ရက် ယူမှာဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံရရှိပါသည်။
(အေဘီစီဒီ သတင်းထောက်)


Rest of your post

No comments:

Post a Comment