Thursday, August 20, 2009

ကိုတောလံ၏ ဘ၀ တစိတ်တပိုင်း (၂)

ကိုတောလံ ။ ။ ဟ ..သိပ်စောလှချီလား ကိုဘက်ဗြဲ…..
ကိုဘက်ဗြဲ ။ ။ အေးဗျာ …. မြို့ထဲက အပြန် တခါထဲ ၀င်လာတာ…ရေအေးအေးလေး တခွက်လောက် လုပ်စမ်းပါဦးဗျာ
ကိုတောလံ ။ ။ မထွေးရေ …. ရေအေးလေးတခွက်လောက် ယူခဲ့ပါဦးကွာ….
ကိုတောလံ၏ ဇနီး မထွေး ။ ။ အောင်မလေးတော် ဒီမှာ ယူလာနေတာ မမြင်ဘူးလား …. လူရှေ့ သူရှေ့ ခိုင်းကို ခိုင်းလိုက်ရမှ ..ဟင်း
ကိုတောလံ ။ ။ ဟုတ်ပါတယ် ဟုတ်ပါတယ် ကိုယ်မှားပါတယ် အသက်ရယ် ……ဟဲ ဟဲ
မထွေး ။ ။ ဟော်တော် ဒီလူကြီး ကြီးကောင်းကြီးကာ မှ ရှက် ၇ှက်တတ်တော့ ဘူး….လူကြီးကိုက… ကဲ ကဲ ရှင် နဲ့ စကားပြောနေလို့ မဖြစ်သေးဘူး ကျုပ်ထမင်းချက်စရာရှိသေးတယ်…..
…………………………………………………………
……………………………………………………………..
ကိုဘက်ဗြဲ ။ ။ ကဲကိုတောလံ ကျုပ်တို့ စလိုက်ကြရအောင်ဗျာ …..
ကိုတောလံ။ ။ လုပ်လိုက်လေဗျာ ကြာသလားလို့ ….BLACK တွေပါလားဗျ ..ဘယ်ကမလာတာလဲ ..
ကိုဘက်ဗြဲ။ ။ ကျုပ်တို့ ကိုပလုံဂျိလေဗျာ … ထိုင်းက၀ယ်လာတာ…ကျုပ်ကို မစလိုက်လို့ .. ခင်ဗျားနဲ့ သောက်မယ်ဆိုပြီး ယူလာတာ ….
ကိုတောလံ ။ ။ အေးဗျာ ကိုပလုံဂျိတို့များ … အာရှတခွင် ပြဲပြဲစင်နေတာပဲဗျာ …ဒီလူလည်း တော်တော် ကိုဟန်ကျနေတာဗျ နော
ကိုဘက်ပြဲ ။ ။ ဟန်ကျဆို ဒီလူတွေက ရတဲ့ဂွင်ကို ကောင်းကောင်းအသုံး ချတတ်တယ်ဗျ…..ဒါပေမယ့်ဗျာ အမှန်တိုင်းပြောရရင် ကျုပ်တော့ ဒီလူတွေကို မကြိုက်ပါဘူး….. ဘုရားလဲဖူး လိပ်ဥတူးရုံလည်း မကဘူးဗျာ…..ဘုရားနဲ့ ကျောင်းဝင်း ပြုပြင်ဖို့ ဆိုပြီး ရလာတဲ့ အလှူငွေတွေကို အရည်ကျိုသောက်တဲ့ တချို့ ဘုရားလူကြီးတွေလိုလည်း လုပ် သေးသဗျာ …ဒီBLACK LEVEL လေးတောင် ငြင်းမကောင်းလို့ ယူလာရတာဗျ…
ကိုတောလံ ။ ။ ဒါပေါ့ ကိုဘက်ပြဲရ ….ကဲ ကဲ စကားလဲပြော သောက်လဲသောက်ရအောင်ဗျာ ….CHEER! တိန် ..ဂလု
ကိုဘက်ပြဲ ။ ။ CHEER ! တိန်..ဂလု …
ကိုတောလံ ။ ။ အားပါး ပါး သိပ်နိပ်ဗျို့….


Rest of your post

No comments:

Post a Comment