ကိုသောမတ်ဘက်ဗြဲ။ ။ဥက္ကဌကြီး ဥက္ကဌကြီးကိုတော့ ကျုပ်တကယ်ကို လေးစာတယ်ဗျာ။ လွတ်မြောက်နယ်မြေမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် တော်လှန်ရေးကြီးနဲ့ မခွဲမခွာ တသွေးတည်း တသားတည်းနေပြီး တော်လှန်ရေးကြီးကို အခုချိန်ထိ ဖက်တွယ်ထားနိုင်တာ ကျုပ်ချီးကျူး ထောပနာပြုပါတယ်ဗျာ။
ဥက္ကဌကြီး။ ။အဲလောက်ကြီးလဲ မဟုတ်ပါဘူး ကိုသောမတ်ဘက်ဗြဲ ရယ်။ ဒါက ကျုပ်တို့ တာဝန်သိသူတွေရဲ့ တာဝန်ကိုးဗျ.. ဟုတ်တယ်မို့လား ..ကျုပ်နဲ့တော်လှန်ရေးကြီးက ဘယ်လိုမှ ခွဲလို့ မရနိုင်ပါဘူးဗျာ...
ကိုသောမတ်ဘက်ဗြဲ။ ။နို့ ဘာဖြစ်လို့လည်းဗျ...
ဥက္ကဌကြီး ။ ။တော်လှန်ရေးကြီးက ကျုပ်ရဲ့ အသက် ကျုပ်ရဲ့ ဘ၀ ဗျ...
တော်လှန်ရေးကြီး သေရင် ကျုပ်လည်း သေတာနဲ့ အတူတူပဲ ....
ကိုသောမတ်ဘက်ဗြဲ။ ။သြော် ဒါကြောင့် တော်လှန်ရေးကြီး အသက်ရှည်ကျန်းမာအောင် ဥက္ကဌကြီး အနစ်နာခံပြီး အပတ်တကုတ် ကြိုးစား လုပ်ဆောင်ခဲ့ရတာကိုး....
ဥက္ကဌကြီး ။ ။ဒါပေါ့ဗျာ ဒါပေါ့ ....ဒါပေမယ့်ဗျာ အခုတော့ ..
ခုတော့ ဘာဖြစ်လို့လည်းဗျ...
ဥက္ကဌကြီး ။ ။ခုတော့ ကျုပ်လည်း စိတ်ကုန်လှပါပြီဗျာ..... ဒီတော်လှန်ရေးကြီး သေချင်သေ မသေချင်နေ ဆြိုပီး ပစ်သာထားလိုက်ချင်တော့တယ် ဟင်း...
ကိုသောမတ်ဘက်ဗြဲ။ ။ခင်ဗျားပြောတော့ တော်လှန်ရေးကြီးနဲ့ ခင်ဗျားက ဘယ်လိုမှ ခွဲမရဘူးဆိုဗျ.....
ဥက္ကဌကြီး ။ ။အဲဒါက ဟိုတုန်းကဗျ အခုတော့ ကျုပ်လိုလူတွေ မိုလိုပေါက်နေတာ ခင်ဗျားလည်း အသိသား...အဖွဲအစည်းတွေကလည်း ဘာအဖွဲ့တွေမှန်း မသိဘူး .... ပွစိနောက်လန်ကြဲနေတာပဲ ... တခါခါ ကျုပ်လိုလူကို တောင် လာလာ ဖဲ့ကြသဗျာ..စဉ်းစားသာကြည့်တော့.... ဒါပေမယ့်ဗျာ ကိစ္စတော့ သိပ်မရှိတော့ပါ ဘူး....ကျုပ်လည်း တော်တော်လေး စုမိဆောင်းမိနေပါပြီ.
ရှင်းရှင်းပြောရရင် မီလျှံနာလေး ဖြစ်နေပြီပေါ့ဗျာ...အိန်း.တော်လှန်းရေးကြီးလည်း သူ့ထိုက်နဲ့ သူကံ ရှိစေတော့ဗျာ ရှိစေတော့...ကျုပ်လည်း ဆရာ့ ဆရာကြီးတွေ ကျက်စားရာ third country ကိုသွားပြီး အနားယူတော့မယ်ဗျာ....
ကိုသောမတ်ဘက်ဗြဲ။ ။အိန်း ကောင်းလေစွ ကောင်းလေစွ ..(စိတ်ပျက်ဖို့)
ယောလေး
Rest of your post
No comments:
Post a Comment