Wednesday, August 12, 2009

ကိုတောလံ၏ ဘ၀တစိတ် တပိုင်း(သုံးကွာတား)

မိတ်ဆက်။ ။ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားလေး မောင်တောလံ သည် အခြား ကျောင်းသားကြီးများနည်းတူ စစ်ဘီလူးတစုနဲ့ လက်ကိုင်တုတ်များကို လက်နက်ကိုင် တော်လှန်ရန် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာလေသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသည့်တိုင်အောင် အချိန်ကုန်ခဲ့သော်လည်း ဤဘူတာသို့ပင် ပြန်ပြန် ဆိုက်နေသဖြင့် စိတ်ပျက်လက် ဖြစ်လာပြီး နိုင်ငံရေး အဖွဲ့များနဲ့ ကင်းရှင်းစွာ နေခဲ့လေသည်။ အသက်အရွယ်လည်း ရလာ၍ မိန်းမယူမှ သင့်တော့ မည်ဟုထင်သဖြင့် မိန်းယူလိုက်လေသည်။ နောက် သောမတ်ဘက်ဗြဲ ဟု ကိုယ့်ကိုကိုယ် မိတ်ဆက်လာသော ဘယ်ဇာတိ ဘယ်ကမှန်း မသိသော လူတယောက်နဲ့ ခင်မိလေသည်။ ဘက်ဗြဲမှာ ငွေလည်း အတော် ဖြုန်းနိုင်လေသည်။ကိုတောလံ နဲ့ ကိုဘက်ဗြဲ ၊ ကိုတောလံနဲ့ သူ့ဇနီး တို့၏ စကားပြောဆိုခန်းများကို ကိုတောလံ ၏ ဘ၀တစိတ်တပိုင်း(သုံးကွာတား)အဖြစ်အပတ်စဉ် တင်ဆက်သွားမည် ဖြစ်ပါသည်။ အားပေးသူများကိုကျေးဇူးတင်ပါသည်။ အားမပေးသူများကိုလည်း ကျေးဇူးတင်ပါသည်။


ိကိုတောလံ၏ ဘ၀ တစိတ်တပိုင်း(သုံးကွာတား)(၁)

ကိုသောမတ်ဘက်ဗြဲ။ ။ အိန်း သင်တို့မှာလည်း ကလေးတွေ တွဲလွဲ ဟိုတွဲလွဲ ဒီလွဲလွဲတွေနဲ့ .. ရှေ့ရေးတွေးရ နောက်ရေးတွေးရ အဆင်ပြေသလိုလို မပြေသလိုလို ဟိုဟာလိုလို ဒီဟာလိုလို တော်တော်လေး စိတ်ဒုက္ခ ရောက်ကြမှာပဲ... ကိုယ်ချင်းစာပါတယ်ဗျာ..နေရတာက ဆွေခြား မျိုးခြား.. ပြီးတော့.ပေးဆပ်ခဲ့ကြတာ ချင်းအတူတူ ခေါင်းတလုံး ပိုမြင့်သွားသူတွေ ကလည်း သိပ်ပြီး လှည့်မကြည့်နိုင်ဘူး မို့လား.... သူတို့မှာလည်း မယားတွေ သားတွေနဲ့ဆိုတော့ ....အိန်း လူ့သဘာဝတွေပေါ့ဗျာ ...
မောင်တောလံ။ ။ဟုတ်တယ်ဗျို့ ....ကျုပ်တို့လည်း ထွက်လာတုန်းကတော့ တကယ့်ကို အသွေးထဲ အသားထဲက စစ်အစိုးရကို တော်လှန်လိုတဲ့စိတ်နဲ့ပေါ့ဗျာ...ဒီစစ်ဘီလူးအုပ်စုကို ရရာနည်းနဲ့ ဖြုတ်ချမယ် ..ဒါမှ ကျုပ်တို့ ပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စည်းကမ်းစနစ်ကျတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေ ကို ခံစားရမှာကိုးဗျ.. စစ်ဘီလူးတွေရဲ့ မတရားမှုတွေကို မခံချင်တဲ့စိတ် တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စိတ် အဲဒီ စိတ်တွေနဲ့ ကျုပ်ဘ၀ ကို အနစ်နာခံမယ် ဆိုပြီးတော့ ထွက်လာခဲ့တာပေါ့ဗျာ....
ကိုသောမတ်ဘက်ဗြဲ။ ။ ခင်ဗျားရဲ့ စိတ်ဓာတ်ကိုတော့ ကျုပ် သိပ်လေးစားတယ်ဗျာ...ကဲ ...ဂုန်ပြုတဲ့ အနေနဲ့ Cheer! တိန်! ဂလု..ဂလု...အား..
မောင်တောလံ။ ။ အား... ခုတော့ဗျာ ကျုပ်လည်း သီလကျိုးတဲ့ ဥပုဒ်သည်ကြီး ဖြစ်နေပါပြီ.ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်တယ် ပြောလည်း ခံရတော့မှာပေါ့ဗျာ ကျုပ်က ၀င်ခံရဲတဲ့ သတ္တိတော့ ရှိပါတယ်ဗျ..ဂလု..ဂလု..ရှလွတ်...ဘယ်ကနေ ဘယ်လိုတွေ ဖြစ်ကုန်မှန်းတွေ မသိတော့ပါဘူးဗျာ... သူများမကောင်းကြောင်း ငါကောင်းကြောင်းတွေလည်း မိုးမွန်လို့ ..ဘုံတိုက်ဂက်က တဖြည်းဖြည်းဝါးလာပြီဗျ..တလှေတည်း စီးကြသူတွေ ချင်းဗျာ...အင်း ထားပါတော့လေ ..နှစ်ပေါင်းကလည်း မနည်းတော့ဘူးကိုး...
ကိုသောမတ်ဘက်ဗြဲ။ ။အိန်း ခင်းဗျားတို့ရဲ့ ဘ၀တွေ အကြောင်းကြားရတာ ကျုပ်စိတ်မကောင်းပါဘူးဗျာ .. ကိုယ်ချင်းစာပါတယ်..
တကယ်တော့ ခင်ဗျားတို့ အားလုံးတော်ကြပါတယ်ဗျာ..တော်ကြပါတယ် .. ကျုပ်သိသလောက် ခင်ဗျားတို့တွေ နှစ်ယောက်တဖွဲ့ သုံးယောက်တဖွဲ့ ငါးယောက်တဖွဲ့ သူတကွဲ ငါတကွဲ ဖွဲ့ပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုပြီးတော့ နာမ၀ိသေသနတွေ တတ်နိုင်တာ နည်းတဲ့ အရည်အချင်းတွေမှတ်လို့..ဂ လု ...ရွတ်.ဟုတ်တယ်မို့လား ကိုတောလံ..
မောင်တောလံ။ ။လုပ်ချလိုက်ပြန်ပြီ ၀ါး ဟားဟား ဟား......
ိကိုသောမတ်ဘက်ဗြဲ။ ။ ၀ါး ....ဟားဟား ဟား..... ကဲညဉ့်လည်းနက်နေပြီဗျာ ..နောက်နေ့မှ တွေ့ကြတာပေါ့နော....အေ့
မောင်တောလံ။ ။ ကောင်းပါပြီတဲ့ ဗျာ ....
ိကိုသောမတ်ဘက်ဗြဲ။ ။ သွားပြီဗျို့..
............................
..................
...............
ကိုတောလံ၏ ဇနီး။ ။ ကိုတောလံ ....ကိုတောလံ
ကိုတောလံ။ ။ ဘာလဲကွာ မင်းကလဲ တိုးတိုးခေါ်ပါကွ ညကြီးအချိန်မတော်..
ကိုတောလံ၏ဇနီး။ ။ မခေါ်နိုင်ဘူးရှင့် ဟိုအရည်တွေ သောက်ပြီးကျယ်ကျယ် လုပ်နေတာရော ဘာပြောမလဲ
ကိုတောလံ။ ။ ကဲပါကွာ ဟုတ်ပါပြီ ဘာခိုင်းမလို့လဲ
ကိုတောလံ၏ဇနီး။ ။ဒီမှာကလေးက ဘောင်းဘီထဲ ချီးယိုချပြန်ပြီ အသစ်လဲပေးပြီး အ၀တ်တွေ လျှော်ထားလိုက်ဦး ပြီးရင် ရှင်ပဲ ကလေးကိုသိပ်လိုက်တော့ ..ကျုပ် အိပ်တော့မယ် မနက် ဖြန် ဘုရားကျောင်းသွားပြီး ရီဆက်တဲမန့် (resettlement)မြန်မြန်ရဖို့ ၀တ်ပြုဆုတောင်းရဦးမှာ .....
ကိုတောလံ။ ။ အေးပါကွာ အေးပါ...လုပ်လိုက်ပါ့မယ်ဟ လုပ်လိုက်ပါ့မယ်..


နောက်အပတ်မှ

No comments:

Post a Comment