အခွင့်အရေး ယူကြမယ်ဟေ့ဆို ရှေ့ဆုံးကကောင်တွေ
အခွင့်အရေးရဖို့အတွက် တိုက်ပွဲဝင်ကြမယ်ဟေ့ အနစ်နာခံကြမယ်ဟေ့ဆို နောက်ဆုံးကတောင် မလိုက်ချင်တဲ့ကောင်တွေ
ရေသာခို အချောင်စိတ် ၊ ကပ်ဖားရပ်ဖား ၊ သာယာညာပေါင်း ၊ သခင်အားရ ကျွန်ပါးဝ သမားတွေ (အင်း အဲထဲ ကျနော်များ ပါ နေလား ကိုယ့်ကိုယ်ကို သက်သက်ညှာညှာ ပြန်စစ်ကြည့်ရအုံးမယ် ဟဲ ဟဲ)
သည်မောင်မင်းကြီးသားတွေကို ကျွမ်းထောင် ဆဲရမလား ဒိုင်ဗင်ပစ်ဆဲရမလား ဒါမှ မဟုတ် ရှိစေတာ့ ရှိစေတော့ လို့ ခွင့်လွတ် လိုက်ရမလား။ အင်းကျနော် တယောက်တည်းက ဆဲသည်ဖြစ်စေ ခွင့်လွတ်သည်ဖြစ်စေ ဘာမှ ထိရောက်မည် မဟုတ် ဖြစ်နိုင်တာက ကျနော်သာ အမုန်းခံရမည်။ ဤလိုလူများ ကို ကျွန်ုပ် မကြိုက် လက်မခံနိုင်ကြောင်း မျှကိုသာ ဖွင့်ဟခြင်းပါ။
မြန်မာပြည်သား တယောက်ရဲ့ အခွင့်အရေးကို
အပြည့်အ၀ယူတတ် အသုံးချတတ်ကြသော မောင်မင်းကြီးသားများ
မြန်မာပြည်သား တယောက်ရဲ့ တာဝန်ရှိမှုနဲ့ ၀တ္တရားများကို မမြင်ကြဘူးထင်ပါ့။
တာဝန် နဲ့ ၀တ္တရားဆိုလို့ ကြီးကြီး မထင်လိုက်ပါနဲ့ဗျာ နော့
သင်နေတဲ့ ပတ်ဝန်းကျင်မှာ မတရားတာတွေ့ရင် မတရားဘူး
မမှန်တာတွေ့ရင် မမှန်ဘူး ဆိုတာလေးလောက်ကို ရဲရဲ ၀ံ့ဝံ့ ပြုမူ ဆောင်ရွက်ယုံလောက်ပါပဲဗျာ။ အဲ ကိုဇီးသီးတို့ပြောတဲ့ ဘုရားလူကြီး လိုလည်း မလုပ်ဖို့ လိုသေးတယ်ဗျ။
လက်ညောင်းလှပြီ နောက်နေ့မှ ဆက်ကလိတော့မယ်...
ဘိုင်
No comments:
Post a Comment