(မိတ်ဆွေ တယောက်၏ ကဗျာလေးပါ )
…… ထွတ်ပြေးနယ်မြေ ကောင်းဘွိုင်တို့ မှာ…..
အင်တာနက်မှာ လေကြီးလေကျယ်
တိုးတိုးတမျိုး။ ကျယ်ကျယ်တသံ
ဆရာကြီးဟန်နှင့်….
မိတ်အင် ဘားမား
Talking is ငပိ +British စကား
NGOs များကြား People သုံးပြီး
ကုန်း ဖြီးတက်ရင်
အလုံးကြီးနဲ့ ဒေါ်လာများ
မစင်လောက်စား တဖွါးဖွါးသို့ 
လေးခွမသုံး သေနတ်မသုံး
ကျကုန်၏။
မြင်းလည်းမစီး၊ နွားမစီး
လိပ်တတ်မော်ဒယ်ကားစီး။ ချိကိုဝါးပြီး
ဖိုက်စတားမှာ ဂျော်နီဝါးကား
အငှါးမယားနဲ့  …..
မြတ်ဗုဒတရား
ရတနာသုံးပါး
မိဘ၊ သားမယား
ဒေါ်စု၊ … များ
ပြည်သူပြည်သား
ကာလသုံးပါး …
ခါတပါးတွင်
ရှိ၏၊ မရှိ၏။
NGOs ဂုဏော ……
NGOs ….. ဂစ ၦာမိ
အၿမဲရွိ၏။
ထွတ်ပြေးနယ်မြေ ကောင်းဘွိုင်များလည်း
သေနတ်မပစ်ပါ။
By AKN
(မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ။
ဒါပေမဲ့ …. လေးခွလေးအသာဆွဲမကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံနေတဲ့ ဠင်းတဟာ ကျလာမယ်
လောက်စလုံးများကို ပုဆိုးထဲ ထည့်ကာလွယ်…
အနောက်တိုင်းသားတွေ …ွ သေနတ်ပစ်ကျွမ်းသလို ……မြင်းစီးကျွမ်းသလို …..နွားစီးပြမယ်
မိုးထိရောက်နိုင်တယ်)
No comments:
Post a Comment