Monday, October 26, 2009

ကမ္ဘောဒီးယား အတွေ့အကြုံ

အမေရိကန်နဲ့ နအဖ ပြေလည်သွားရင် ငါတို့ ဒီမိုကရေစီအင်အားစုတွေ ဒုက္ခရောက် မှာလား။ အမေရိကန်ပေါ်လစီ ပြောင်းသွား ပြီလား ဆိုပြီး ကျနော်မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေက ကျနော့်ကို လာလာ မေးကြတယ်။ ဆွေးနွေးကြတယ်။ ကျနော်ကတော့ အမေရိကန်နဲ့  နအဖ ပြေလည်သွားရင်စိုးရိမ်ရမှာ ကျနော်တို့ မဟုတ်ပါဘူး ဗိုလ်ချုပ်သန်းရွှေနဲ့ မိသားစုပဲဖြစ်လိမ့်မယ် လို့ ပြောခြင်ပါတယ်။

ကုန်ကုန်ပြောရရင် - ထိပ်ပိုင်း ၅ ဦး ဖြစ်တဲ့ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ အောင်သောင်း၊ ဦးသောင်းတို့ ထဲမှာ
ကွဲကုန်နိင်တယ်။ သန်းရွှေကလွဲရင် အားလုံးက အမေရိကန်နဲ့ ပြေလည်ချင်နေတဲ့ သူတွေပါ။ အမေရိကန်နဲ့ ပြေလည်ရင် အမေရိကန် ခိုင်းတာကိုလည်း လုပ်ရမှာပေါ့လေ။ အမေရိကန်ကဘာလိုချင်လဲ -

(၁-) ဒေါ်စုကိုလိုချင်တယ်။ နစ်- သန်းရွှေကိုမလိုချင်ဘူး။ ဒါပါပဲ-

(၁) ၁၉၉၅ ခုနစ်မှာ ကျနော် အမေရိကန်ကို ပထမအကြိမ်အစည်းဝေးသွားတက်တယ်။ အပြန်မှာ ထိုင်းအစိုးရက ကျနော်ကို ဗီဇာပိတ်တော်မူတယ်။ သေသွားတဲ့ အတွင်းရေးမှုး နစ် တင်ဦးက ထိုင်းအစိုးရကိုလာပြီး ကန့် ကွက် ထားတာ နဲ့  ကျနော် က အမေရိကန် အပြန်မှာ ဗီဇာကိုပိတ်ခြင်းဖြစ်တယ်။ သူက ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှုး ချာအန်း ကိုလာပြီးတော့ ကျနော်တို တောင်ပိုင်းက တပ်ဖွဲ့ တွေ ( ရင်း-၁၀၂၊ ရင်း-၂၀၃၊ ရင်း- ၉၀၉ (ရခိုင်တပ်ရင်း ) ၆ ကီလိုဝင်နေတာကိုထောက်ပြတယ်။ ထိုင်းက နအဖ ကြေနပ်အောင် ကျနော်ကိုဗီဆာပိတ်တယ်။ ဒွန်မောင်း လေဆိပ်နဲ့  နယ်စပ်ရဲစခန်းတွေမှာ ကျနော်ဓါတ်ပုံကို ကပ်ပြီး အလိုရှိသည် လုပ်ထားတယ်။ သည်တော့ ကျနော် အမေရိကန်မှာ ၈ လကြာသွားတယ်။

(၂) - နောက်တော့ ကမ္ဘောဒီယားကနေ ထိုင်းဖက်ကိုပတ်ဝင်မှဖြစ်တော့မယ်ဆိုပြီး ကမ္ဘောဒီးယားကို ရောက်တယ်။ အခုဝန်ကြီးချုပ်လုပ်နေတဲ့ ဟွန်ဆင်က အစိုးရအဖွဲ့ ကို စစ်တပ်အားကိုးနဲ့  အဲဒီအချိန်ထဲက ချုပ်ကိုင်ထားတာ၊ နိင်ငံခြားသားတွေ ကိုလာခွင့်ပေးတယ်။ လာတဲ့နိင်ငံခြားသားတိုင်း သူ့ စစ်တပ်က ထောက်လှမ်းရေး တယောက် ( ဆာဂျင်) တယောက် လက်ကိုခံထားရမယ်လို့ ဥပဒေထုတ်ထားတယ်။ အကြောင်းပြချက်ကတော့ နိင်ငံခြားသားတွေလုံခြုံရေးအတွက် တဲ့ ခမာနီတွေက လာသတ်တာ ပြန်ပေးဆွဲတာ တွေ မလုပ်နိင်အောင်လို့ ပါလို့ အကြောင်းပြတယ်။

တကယ်က နိင်ငံခြာားသားတွေဘာလုပ်တယ်ဆိုတာ ကို စောင့်ကြည့် ချင်တာ။ သတင်းတွေအပြင် မထွက်နိင်အောင် ကန့်သတ်ချင်တာ။ ကျနော် က အင်္ဂလိပ်လူမျိုး သတင်းထောက်တယောက် အိမ်မှာ တည်းတယ်။ သူတို့ လင်မယားက ကျနော်သူငယ်ချင်းတွေ၊ သူ့ အိမ်မှာလည်း အိမ်ရှေ့ မှာ တဲတလုံးနဲ့ ဟွန်ဆင်လွှတ်ထားတဲ့ စစ်သားကို လက်ခံထားရတယ်။

ကမ္ဘောဒီယား စစ်သား က အဲဒီအခန်းလေးမှာနေပြီး ကျနော်သူငယ်ချင်းရဲ့ လူဝင်လူထွက်ကို ဟွန်ဆင်ထံကို သတင်းပို့ ရတယ်။ ကျနော်က ကျနော်သူငယ်ချင်းကို ကို ဒီလူစိတ်ချရပါ့မလားလို့မေးတော့ ကျနော့်သူငယ်ချင်းက မျက်ရိတ်မျက်နှာပြပြီး မပူနဲ့ တဲ့။ ဒီကောင်ဒို့ လူဖြစ်နေပြီလို့ ဆိုတယ်။ ဘယ်လိုလည်းလို့ မေးတော့ ကျနော်သူငယ်ချင်းက ဒီလူက ဆင်းရဲပါတယ်ကွာ။ ငါ့ကိုစောင့်ကြည့်ဖို့ ဟွန်ဆင်ကလွတ်ထားပေမဲ့ လခကောင်းကောင်း ရတာမဟုတ်ဘူး။ ငါက သနားလို့ သူကိုတ လကို ဒေါ်လာ ၂၀၀ မုန့် ဖိုးပေးပါတယ်ကွာ။ ဒီတော့သူက ငါအပေါ်ကောင်းရှာပါတယ်တဲ့။ ဒီအချိန်မှာ ဟွန်ဆင်စစ်သားတွေက ကမ္ဘောဒီယားငွေ ရီ နစ်ထောင် ခန့် ပဲရတယ်။ တစ်ဒေါ်လာကို ရီငွေ ၃ ထောင်လောက်ပေါက်နေတယ်။ ဒီအချိန်မှာ ပက်စီ သံဗူးတဗူးက တဒေါ်လာ ရှိတယ်။ မြေတစ်ဧက က နှစ်ဒေါ်လာရှိပါတယ်။ ဒေါ်လာ ၂၀၀ဆိုတဲ့ငွေကြောင့် ဟွန်ဆင်လွတ်ထားတဲ့ စစ်သားက ကျနော်သူငယ်ချင်း ဘာလုပ်နေတယ်ဆိုတာကို သတင်းမပို့ တော့ပဲ ဟွန်ဆင် ဘာလုပ်နေတယ် ဆိုတာကို ကျနော်သူငယ်ချင်းကို ပြန်ပြီးသတင်းပို့ နေတာပေါ့။

ကျနော် အပြင်ဖက်ကပြန်လာရင်တောင် ကျနော်ကိုပါ ရောပြီး သူက အလေးပြုလိုက်သေးရဲ့ ။ သူ့ဘော့စ်ရဲ့ သူငယ်ချင်း သူ့ဘော့စ်လိုပဲသူဌေးအောင်းမေ့နေမှာပေါ့။
မိုးသီးဇွန်

(မှတ်ချက်- ကမ္ဘောဒီယားကနေ တဆင့် ထိုင်းကိုဖြတ်ပြီး ကျနော့်တောင်ပိုင်းစခန်းကို ပြန်ရောက်လာခဲ့ပါတယ်။ )

No comments:

Post a Comment