ဓါးခုတ် ခံရသူ စံပြကျေးရွာမှ အမျိုးသမီးကို ဆေးရုံတင်ပို့လိုက်ရ
10/15/2009
မောင်အေး (နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတလ စံပြကျေးရွာမှ အမျိုးသမီး တဦးကို ရိုဟင်ဂျာ နှစ်ဦးက ဓါးဖြင့်ခုတ်သဖြင့် မောင်တော ဆေးရုံသို့ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
အဆိုပါ အမျိုးသမီးမှာ အောင်သာယာ စံပြကျေးရွာမှ ဒေါ်မအေး အသက် (၃၂ နှစ်) ဖြစ်သည်။
သူမမှာ လွန်ခဲ့သည့် စနေနေ့ ညနေ ၉ နာရီခန့်တွင် ဖားဖမ်းရာမှ အိမ်အပြန်တွင် ယခုကဲ့သို့ ဓါးဖြင့် အခုတ်ခံရခြင်း ဖြစ်သည်။
သူမအား ဖါးဖမ်းပြီး အိမ်အပြန်တွင် အနှောင့်အယှက် ပြုလုပ်သဖြင့် အော်ဟစ် အကူအညီ တောင်းခံရာမှ ဓါးဖြင့် အခုတ်ခံရခြင်း ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။
ဓါးဖြင့်ခုတ်ရာတွင် ပါဝင်သူ နှစ်ဦးထဲမှ တဦးကို ယခုအခါ မောင်တောရဲက ဖမ်းဆီးထားပြီး တခြားတဦးမှာ ဘင်္ဂလာဒေခ်ျ့ ဘက်သို့ ထွက်ပြေးသွားသည်ဟု ဒေသခံများက ပြောသည်။
သူမ၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် အတွင်းလူနာ အဖြစ် ဆေးကုသမူ ခံယူုနေရသည်ဟု ဆေးရုံ သတင်းရပ်ကွက်က ပြောသည်။
လွန်ခဲ့သော စက်တင်္ဘာ အတွင်းကလည်း ဒုချရားတန်း ခရေမြိုင် စံပြ ကျေးရွာမှ ရွာသား (၃) ဦးကို ရိုဟင်ဂျာများက သတ်ဖြတ်ပစ်ခဲ့သည်။
အသတ်ခံရသူ (၃ ) ဦးမှာ ဦးစံမြင့် (၅၃ နှစ်) ၊ ဦးစောအောင် (၄၈) နှင့် မောင်ဘိုကို (၁၆ နှစ်)တို့ ဖြစ်သည်။
No comments:
Post a Comment